စီမံကိန်းအကြောင်း

ဒီဂျစ်တယ်ပိုးလမ်းမဟာ ခေတ်သစ်ပိုးလမ်းမ ကုန်သွယ်ရာနိုင်ငံများအတွက် "တရုတ်အင်တာနက်"ကို တင်ပို့ပေးနေပြီး အမေရိကကို ဗဟိုပြုတဲ့ ဒီဂျစ်တယ်ကမ္ဘာကြီးအစား အခြားရွေးချယ်စရာတစ်ခုကို ဖန်တီးပေးနေပါသလား။ ဒီဂျစ်တယ်ပိုးလမ်းမကို ဖွဲ့စည်းနေတဲ့ မူဝါဒများ၊ ဝန်ဆောင်မှုများနဲ့ အခြေခံအဆောက်အအုံများမှာ စွဲခိုင်နေတဲ့ နိုင်ငံရေးခံယူချက်များနဲ့ တန်ဖိုးများဟာ ဘာတွေများ ဖြစ်မလဲ။ ၎င်းတို့က အင်တာနက်ကို အမေရိက ဦးဆောင်တဲ့ အင်တာနက်နဲ့ တရုတ်ဦးဆောင်တဲ့ အင်တာနက်ဟူ၍ လွှမ်းမိုးမှု နယ်ပယ်နှစ်ခု ကွဲသွားမယ့် အနာဂတ်တစ်ခုကို ရှေ့ပြေးနမိတ်ပြနေပါသလား။ အမေရိက ဦးဆောင်တဲ့ စျေးကွက်စီးပွားရေး အလေးပေးတဲ့ အင်တာနက်နဲ့ တရုတ်က ယခင်က နယ်ခြားမရှိဟု ယူဆထားတဲ့ နယ်ပယ်သစ်ဆိုတဲ့ အင်တာနက်ကို အစိုးရထိန်းချုပ်ပြီး အုပ်ချုပ်မှုနဲ့ နိုင်ငံတော် နယ်နမိတ်များ ပြန်လည်ထူထောင်မှုကို လှုံ့ဆော်ပေးတဲ့ အင်တာနက်ဆိုပြီး လွှမ်းမိုးမှု နယ်ပယ်နှစ်ခု ကွဲသွားမယ့် အနာဂတ်တစ်ခုကို ရှေ့ပြေးနမိတ်ပြနေပါသလား။

သုတေသန နောက်ခံ အကြောင်းအရာ

၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံဟာ အများသောအားဖြင့် အခြေခံအဆောက်အအုံနဲ့ မူဝါဒများကို ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု ဖော်ဆောင်မှု (BRI) လို့ခေါ်တဲ့ ခေတ်သစ်ပိုးလမ်းမ ဖော်ဆောင်မှုကို ရှေးခေတ်ပိုးလမ်းမအပေါ် အခြေခံပြီး မှန်းဆပုံဖော်ထားတဲ့ လမ်းကြောင်းတစ်လျှောက်ပေါ်မှာရှိတဲ့ နိုင်ငံများမှာ စတင်လိုက်ပါတယ်။ BRI အတွင်း အများအာရုံစိုက်လာတဲ့ အပိုင်းတစ်ခုကတော့ ဒီဂျစ်တယ်ပိုးလမ်းမ (DSR) ဖြစ်ပြီး သီအိုရီအရ BRI အတွင်း ဒီဂျစ်တယ်နယ်ပယ်အား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းများဖြစ်ကာ အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်းမှ ဒီဂျစ်တယ် ဝန်ဆောင်မှုများနဲ့ စက်ပစ္စည်းများကို ဒေသအလိုက် လိုက်‌လျောညီထွေအောင် လုပ်ပေးခြင်းတို့အထိ ပါဝင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဤစီမံကိန်းဟာ ဒီဂျစ်တယ်ပိုးလမ်းမကို တရုတ်နိုင်ငံအတွင်းနဲ့ သူရဲ့ အိမ်နီးချင်းနိုင်ငံ သုံးနိုင်ငံဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ကာဇက်စတန်တို့အတွင်းမှာ အကောင်အထည်ဖော်မှုကို အောက်ခြေရှုထောင့်မှ လေ့လာခြင်းဖြစ်ပါတယ်။ စီမံကိန်းကို အဖြေမသေချာသော၊ ရိုးရှင်းသော မေးခွန်းတစ်ခုဖြစ်တဲ့ "ဒီဂျစ်တယ်ပိုးလမ်းမ တကယ့်အတိအကျဆိုသည်မှာ အဘယ်နည်း" နဲ့ စတင်ပါတယ်။ "သူ့ထဲမှာ ဘယ်လိုစီမံကိန်းတွေ ပါဝင်သလဲ၊ သူတို့ကို ဘယ်လို ချိတ်ဆက်ဆောင်ရွက်ကြသလဲ။ ဘယ်သူတွေက ရင်းနှီးမြှုပ်နှံနေလဲ။ ဘယ်လောက်လဲ။ ဒီစီမံကိန်းတွေဟာ တရုတ်အစိုးရရဲ့ ရည်မှန်းချက်ပန်းတိုင်များနဲ့ ဘယ်လို ချိတ်ဆက်နေပါလဲ၊ တိုက်ရိုက်ဘယ်လို ထောက်ပံမှုရကြလဲ၊ ဒါမှမဟုတ် သူတို့ဟာ အကောင်ထည်ဖော်တဲ့ သူတွေရဲ့ (သို့) အဖွဲ့အစည်းတွေရဲ့ ရည်မှန်းချက်ပန်းတိုင်နောက်လိုက်ပြီး ဘယ်လို သွေဖယ်သွားပါသလဲ။ သူတို့ဟာ ကျွန်ုပ်တို့လေ့လာနေတဲ့ ဤနိုင်ငံသုံးနိုင်ငံမှာ နေထိုင်ကြတဲ့ လူများရဲ့ နေ့စဉ်ဘဝအပါအဝင် စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းကို ဘယ်လိုမျိုး အကျိုးဆက်မျိုးများ သက်ရောက်နေလဲ။"

 

သုတေသန နည်းနာ

ကျွန်ုပ်တို့ အဖွဲ့ဟာ နိုင်ငံလေးနိုင်ငံမှာ ဒီဂျစ်တယ်ပိုးလမ်းမ ပေါ်ထွန်းလာမှုကို စီးပွားရေးလုပ်ငန်းများ၊ အစိုးရများနဲ့ သာမန်ပြည်သူများရဲ့ နှိုင်းယှဉ်လေ့လာထားသောအမြင်များပါသော ရှုထောင့်၊ အောက်ခြေအခြေခံမှကြည့်သော ရှုထောင့် စတာတွေနဲ့ နားလည်ဖို့ လူမှုဘဝအနုစိတ် လေ့လာသောနည်း၊ ဒီဂျစ်တယ်ပညာဖြင့် လေ့လာသောနည်းနဲ့ စာရွက်စာတမ်းများကို စိတ်ဖြာလေ့လာသောနည်းများကို အခြေခံတဲ့ ကွင်းဆင်း‌သုတေသနကို အသုံးချပါတယ်။ မူဝါဒများ၊ ဘဏ္ဍာငွေများ၊ စက်ပစ္စည်းများ၊ အွန်လိုင်းပလက်ဖောင်းများနဲ့ အက်ပလီကေးရှင်းများ ပေါ်‌ပေါက်ရာ တရုတ်နိုင်ငံမှာတော့ နည်းပညာကုမ္ပဏီများ၊ အထူးသဖြင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများက ကျွန်ုပ်တို့ လေ့လာနေတဲ့ နိုင်ငံသုံးနိုင်ငံမှာရှိတဲ့ စျေးကွက်များမှာ အောင်မြင်နိုင်ဖို့ အသုံးချတဲ့ နည်းဗျူးဟာများကို ကျွန်ုပ်တို့ လေ့လာပြီး ၎င်းတို့ဟာ အထွေထွေ ဒီဂျစ်တယ်ပိုးလမ်းမ မဟာဗျူဟာနှင့် မည်သို့ ချိတ်ဆက်နေသလဲ (သို့) သွေဖယ်နေသလဲဆိုသည်ကို စူးစမ်းပါတယ်။ ကာဇက်စတန်၊ မြန်မာနဲ့ ကမ္ဘောဒီးယားတို့မှာတော့ ကုန်သည်များ၊ စျေးကွက်ငယ်များအပြင် သာမန်ပြည်သူများ တရုတ်နည်းပညာကို အသုံးပြုပုံ စသည်တို့ကို အာရုံစိုက်ပါတယ်။ ဒီဂျစ်တယ်ပိုးလမ်းမကို အကောင်အထည်ဖော်မှုအား အောက်ခြေမှ အထက်သို့ နားလည်ရန်ကြည့်ရာမှာ အလွှာပေါင်းစုံပါတဲ့ အမြင်တစ်ခု ယူဆောင်လာဖို့ ကျွန်ုပ်တို့ရဲ့ စူးစမ်းလေ့လာမှု အချက်အချာ၌ လူနေမှုဘဝနှင့်ယဉ်ကျေးမှု သရုပ်ခွဲလေ့လာစူးစမ်းမှု နည်းလမ်းများပါဝင်ပြီး ဒီဂျစ်တယ်ပညာဖြင့် လေ့လာသောနည်း၊ စာရွက်စာတမ်းများကို စိတ်ဖြာလေ့လာသောနည်း စတာတွေနဲ့လည်း သုံးဖက်ယှဥ်တိုင်းတာမှုကို ပြုလုပ်ပါတယ်။