တရုတ်နိုင်ငံဟာ BRI ၏ အစိတ်အပိုင်းဖြစ်သော ဒီဂျစ်တယ်ပိုးလမ်းမ စတင်ရာ နိုင်ငံဖြစ်သည်။ ဒီဂျစ်တယ် ပိုးလမ်းမသည် လတ်တလောမှ ပေါ်ပေါက်လာသော ဖြစ်စဉ်တစ်ခုဖြစ်သော်လည်း သက္ကရာဇ် ၂၀၀၀ ခုနှစ်များ အစောပိုင်းကတည်းက တရုတ်နည်းပညာ စီးပွားရေးလုပ်ငန်းများသည် နိုင်ငံခြားစျေးကွက်များသို့ ချဲ့ထွင်နေပြီးဖြစ်ကာ အခြေခံအဆောက်အအုံ၊ ကွန်ပျူတာစက်ပစ္စည်းများ၊ e-commerce၊ ဆိုရှယ်မီဒီယာ၊ ဗီဒီယိုဂိမ်း အစရှိသော နယ်ပယ်အမျိုးမျိုးတွင် အရေးပါသော နေရာမှ ပါဝင်ခဲ့သည်။ တရုတ်နိုင်ငံတွင် လုပ်ဆောင်မည့် ကွင်းဆင်းလေ့လာမှုဟာ ဒီဂျစ်တယ်ပိုးလမ်းမ၏ "ထုတ်ကုန်ပို့ကုန် အခန်းကဏ္ဍ"ကို အာရုံစိုက်မည်ဖြစ်ပြီး မူဝါဒများ၊ အတွေးအမြင်များ၊ ဗျူဟာများ နှင့် စက်ပစ္စည်းများကို အကြီးတန်း အဆင့်တွေ နားလည်ရန်ပြုလုပ်ကာ ၎င်းတို့အနေဖြင့် နိုင်ငံသုံးနိုင်ငံ၌ အခြေခံအဆင့်တွင် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုကိုလည်း နားလည်သိရှိရန် ပြုလုပ်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဒီဂျစ်တယ်ပိုးလမ်းမ၏ ဇစ်မြစ်နှင့် ရှေးဦးသာဓကများနှင့် တရုတ်နည်းပညာ ကုမ္ပဏီများ၊ စီးပွားရေး စွန့်ဦးစွမ်းဆောင်ရှင်များက ၎င်းတို့၏ ထုတ်ကုန်များနှင့် ကုမ္ပဏီများကို "ကမ္ဘာ့အခြားဒေသများအတွက် လိုက်လောညီထွေအောင်" ပြုလုပ်သော ဗျူဟာများကို နားလည်ရန် ယဉ်ကျေးမှု သရုပ်ခွဲလေ့လာစူးစမ်းမှု နည်းလမ်းကို အသုံးချပါသည်။