စီမံကိန်း အဖွဲ့ဝင်များ

  • Elisa Oreglia | သုတေသန အသင်းခေါင်းဆောင်

    အယ်လီဆာ အိုရေဂလီယာ (Elisa Oreglia)ဟာ လန်ဒန်တက္ကသိုလ် ကင်းစ်ကောလိပ် ဒီဂျစ်တယ်လူမှုဘာသာရပ်ဌာနတွင် ကမ္ဘာ့ဒီဂျစ်တယ် ယဥ်ကျေးမှု ဘာသာကို သင်ကြားသော အကြီးတန်း ကထိက တစ်ဦးဖြစ်ပါသည်။ သူသည် နှစ်ပေါင်း ၁၅ နှစ်ကျော် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှရှိ ဒီဂျစ်တယ်ဘဝများနှင့် မူဝါဒများကို သုတေသန ပြုခဲ့ပါသည်။ ပထမဆုံး ရှန်တုံနှင့် ဟေဘေး ကျေးရွာများတွင် မိုဘိုင်းဖုန်း အသုံးပြုမှုကိုလေ့လာခဲ့ပြီး၊ မြန်မာနိုင်ငံတွင် တရုတ် ဒီဂျစ်တယ်နည်းပညာများ အစောပေါင်းက ဝင်ရောက်လာမှုများနှင့် ကမ္ဘောဒီယားရှိ စက်ရုံလုပ်သားများအကြား လူမှုကွန်ယက်မီဒီယာအသုံးပြုမှုနှင့် နေ့စဉ်ဘဝများကို ဆက်လက်လေ့လာခဲ့ပါသည်။ DIGISILK စီမံကိန်းသည် သူ၏စိတ်ဝင်စားမှုများဖြစ်သော တရုတ် ဒီဂျစ်တယ်နည်းပညာ၏ အောက်ခြေအဆင့် သက်ရောက်မှု၊ အထူးသဖြင့် ဘေးဖယ်ခံထားရသော အသိုင်းအဝိုင်းအပေါ် သက်ရောက်မှုနှင့် အစိုးရများနှင့် စီပွားရေးလုပ်ငန်းများဆောင်ရွက်သော အထက်ပိုင်းအဆင့် မူဝါဒများ၊ ရင်းနှီးမြှုတ်နှံမှုများနှင့် ဗျူဟာများ၏ သက်ရောက်မှုတို့ကို တစ်နေရာထဲတွင် အတူယူဆောင်လာစေနိုင်ပါသည်။

  • Oyuna Baldakova | ဦးဆောင် သုတေသီ, ကာဇက်စတန် နိုင်ငံ

    အိုယူနာ ဘာလ်ဒါကိုဗာ (Oyuna Baldakova) ဟာ ဘာလင် အခမဲ့တက္ကသိုလ်(Free University of Berlin)တွင် ပါရဂူဘွဲ့ (PhD) တက်ရောက်နေသော ကျောင်းသူတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ၏ ရပ်ဝန်းတစ်ခု လမ်းတစ်ကြောင်းဖော်ဆောင်မှုကို ဘေဂျင်းက မည်သို့ သတ်မှတ်ပြဋ္ဌာန်းပြီး ကာဇက်စတန်နှင့် ကာဂျစ္စတန်နိုင်ငံတို့၏ စီးပွါးရေး၊ နိုင်ငံရေးနှင့် လူမှု​ဒိဋ္ဌဖြစ်ရပ်တို့အရ မည်သို့ အကောင်အထည်ဖော်နေသည်ကို သုတေသန ပြုလျက်ရှိပါသည်။ သူ၏ သုတေသန စိတ်ဝင်စားမှုများတွင် ယူအေးရှား (Eurasia) ဒေသရှိ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွါးနိုင်ငံရေးသိပ္ပံ၊ တရုတ်နိုင်ငံ၏ နိုင်ငံခြား စီးပွါးရေး မူဝါဒ၊ စွမ်းအင်အကူးအပြောင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုတို့ ပါဝင်ပါသည်။ အိုယူနာသည် ဂျာမနီနိုင်ငံ ဖရန့်ခ်ဖု(တ်)မြို့ ဂို့သာ တက္ကသိုလ် (Goethe University Frankfurt) မှ ခေတ်သစ် အရှေ့အာရှ ဘာသာရပ်များဖြင့် (Modern East Asian Studies) မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါသည်။ သူသည် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်တွင် အတွေ့အကြုံ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ပြီး ဘန်ကောက်မြို့ ယူနက်စ်ကိုရုံးတွင် အလုပ်သင်အဖြစ်လုပ်ကိုင်ပြီး အာရှအလယ်အပိုင်းအတွက် အီးယူ ရန်ပုံငွေ စီမံကိန်းကို စီမံခန့်ခွဲ့ခဲ့ကာ International Organization of Folk Art (IOV) တွင်လည်း ပြန်ကြားရေးအဖြစ် တာဝန်ယူခဲ့ပါသည်။

  • မိုး | ဦးဆောင်သုတေသီ မြန်မာ

    မိုးဟာ ပါရဂူဘွဲ့ (PhD) တက်ရောက်နေသော ကျောင်းသားတစ်ဦးဖြစ်ပြီး အင်တာနက် အသုံးပြုမှုနှင့် မိုဘိုင်းဖုန်း ဝယ်ယူသုံးစွဲပုံတို့ကို လေ့လာနေပါသည်။ သူ၏ သုတေသနသည် မြန်မာနိုင်ငံတွင် တရုတ်ပြည်ထုတ် မိုဘိုင်းဖုန်းများက အင်တာနက်လွယ်ကူစွာ​ရရှိနိုင်ရန် မည်ကဲ့သို့ အထောက်အကူပြုသည်ကို လေ့လာလျက်ရှိပါသည်။

  • James Burroughs | သုတေသနဆော့ဖ်ဝဲ အင်ဂျင်နီယာ

    ဂျိမ်းစ်ဟာ လန်ဒန် တက္ကသိုလ် ကင်းစ်ကောလိပ်မှ ကွန်ပျူတာ သိပ္ပံ ဘွဲ့ကြို ကျောင်းသားတစ်ဦးဖြစ်သည်။ သူသည် ၂၀၂၁ ခုနှစ်တွင် ကင်းစ် ဘွဲ့ကြိုကောင်းသူကျောင်းသားများ သုတေသန အစီအစဉ် (King’s Undergraduate Research Fellowship)၏ နွေရာသီ လက်ထောက်သုတေသီ တစ်ဦးဖြစ်ပြီး ဒီဂျစ်တယ် ပိုးလမ်းမကို နားလည်ရန် မိုဘိုင်းဖုန်း အက်ပလီကေးရှင်းများကို စုံစမ်းထောက်လှမ်းရန် ဒီဂျစ်တယ် နည်းလမ်းများကို အသုံးပြုပါသည်။ လက်ရှိစီမံကိန်းအဖွဲ့တွင် သူသည် သုတေသနဆော့ဖ်ဝဲ အင်ဂျင်နီယာ အဖြစ် ဆက်လက် လုပ်ကိုင်လျက်ရှိပါသည်။

  • Thais Lobo | ပရောဂျက်မန်နေဂျာနှင့် သုတေသီ ပေါ်ပြူလာသူ

    Thais Lobo သည် King's College London မှ Digital Humanities တွင် MA ကိုရရှိထားသူဖြစ်သည်။ မီဒီယာသုတေသီနှင့် လက်တွေ့လုပ်ဆောင်သူအနေဖြင့်၊ သူမသည် ဒစ်ဂျစ်တယ်ပလပ်ဖောင်းများနှင့် အွန်လိုင်းယဉ်ကျေးမှုများဆီသို့ အရေးကြီးသောထိုးထွင်းသိမြင်မှုများကို ဖြန့်ဝေရန်အတွက် ဒေတာခွဲခြမ်းစိတ်ဖြာခြင်းနှင့် သုတေသနပြုခြင်းတို့ကို ပေါင်းစပ်ထားသည်။ သူမသည် ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် ဘာသာရပ်ဆိုင်ရာ ပရောဂျက်များတွင် သတင်းအမှားများ၊ နိုင်ငံရေးဘော့တ်များ၊ အစိမ်းရောင်ဆေးခြင်း၊ ဒေတာစုဆောင်းခြင်းနှင့် ဒစ်ဂျစ်တယ်စောင့်ကြည့်ခြင်းကဲ့သို့သော လူမှုရေးပြဿနာများကို ရှာဖွေရန် ဒစ်ဂျစ်တယ်နည်းလမ်းများကို အသုံးပြုခဲ့သည်။ သူမ၏ အတွေ့အကြုံသည် ဘရာဇီးရှိ မီဒီယာဆိုင်များတွင် ပါဝင်ခဲ့သည်။

  • Weidi Zheng | ဦးဆောင် သုတေသီ, တရုတ်နိုင်ငံ (ဒီဇင်ဘာ 2021 မှ 2024 ခုနှစ် ဖေဖော်ဝါရီလ)

    ဝေဒီကျန်း (Weidi Zheng) ဟာ လန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကဘာသာရပ်များသင်ကျောင်း (SOAS) မှ ကမ္ဘာ့မီဒီယာနှင့် နိုင်ငံပြင်ပတလွှား ဆက်သွယ်ရေး (Global Media and Post-national Communications) ဘာသာရပ်ဖြင့် မဟာသိပ္ပံဘွဲ့ (MSc) နှင့် ပါရဂူဘွဲ့ (PhD) တို့ကို ရရှိခဲ့သည်။ သူ၏ ပညာခန်းဆိုင်ရာ ကျွမ်းကျင်မှုတို့တွင် မီဒီယာ မနုသဗေဒ၊ နိုင်ငံရေးဆက်သွယ်ရေး၊ သတင်းပညာနှင့် တရုတ်အာဖရိက လေ့လာမှုတို့ ပါဝင်ပါသည်။ သူ၏ ပါရဂူ သုတေသနအတွက် နိုင်ရိုဘီမြို့နှင့် ဘေဂျင်းမြို့တို့ရှိ တရုတ်-ကင်ညာ သတင်းထောက်များ၊ နိုင်ငံခြားတွင် နေထိုင် အလုပ်လုပ်ကိုင်သူများ၊ နိုင်ငံပိုင် စီးပွါးရေးလုပ်ငန်းများနှင့် အသေးစားကုန်သယ်များတို့ဖြင့် တစ်နှစ်ကြာ လူနေမှုဘဝနှင့်ယဉ်ကျေးမှု သရုပ်ခွဲလေ့လာစူးစမ်းမှု ပြုလုပ်ခဲ့ပါသည်။ ဝေဒီသည် ကမ္ဘာ့တောင်ပိုင်း နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုများကို ရုပ်လုံးပေါ်အောင် တွေးတောရာနှင့် သီအိုရီဖော်ဆောင်ရာတွင် သဘာဝဟာ မတူညီသောအတွေ့အကြုံက မတူညီသောအမြင်များရှိကြောင်း (anti-essentialism)ကို ပြသသော ချဉ်းကပ်မှုကို ယူဆောင်လာရန် စိတ်ဝင်စားပါသည်။ ဝေဒီ၏ လတ်တလော အလုပ်များသည် ဒီဂျစ်တယ် အားလုံးပါဝင်ရေး (digital inclusion)၊ စမ်းသစ်တီထွင်မှု၊ စီးပွါးရေး စွန့်ဦးလုပ်ကိုင်မှု နှင့် နည်းပညာ၏,တန်ဖိုးနှင့် နိုင်ငံရေးတို့ကို အာရုံစိုက်ထားပါသည်။

  • Shalen Fu | စီမံကိန်း မန်နေဂျာ (ဖေဖော်ဝါရီ 2021 မှ 2024 ခုနှစ် ဇန်နဝါရီလ)

    ရှာလန် (ယန်းယီမန်) ဖူ (Shalen/Yangyiman Fu) ဟာ လန်ဒန် တက္ကသိုလ် ကင်းစ်ကောလိပ်တွင် ဒီဂျစ်တယ်လူမှုဘာသာရပ် (Digital Humanities) ဖြင့် ပါရဂူဘွဲ့ (PhD) တက်ရောက်နေသော ကျောင်းသူတစ်ဦးဖြစ်သည်။ သူ၏ သုတေသန စိတ်ဝင်စားမှုများတွင် သက်ရောက်မှု အကဲဖြတ်ခြင်း (IA)၊ ဒီဂျစ်တယ်ဗျူဟာ၊ ဒီဂျစ်တယ်နည်းပညာ ကူးပြောင်းခြင်း နှင့် ယဉ်ကျေးမှုအမွေအနှစ်ကဏ္ဍတွင် ပရိတ်သတ် စိတ်ဝင်စားမှု စသည်တို့ပါဝင်ပါသည်။ သူသည် လက်ရှိတွင် တရုတ်နိုင်ငံရှိ ဒီဂျစ်တယ် ပြတိုက် အရင်းအမြစ်များ၏ သက်ရောက်မှုကို မည်သို့ အကောင်းဆုံး အကဲဖြတ်မည်ကို သုတေသနပြုလျက်ရှိသည်။ ယဉ်ကျေးမှုအမွေအနှစ်များကို အာရုံစိုက်နိုင်မည့် နည်းလမ်းသစ်များကို စိတ်ဝင်စားသောကြောင့် သူသည် Courtauld Institute of Art’s HLF Digitisation Project နှင့် The Watercolor World (TWW) ကဲ့သို့သော ဒီဂျစ်တယ် စီမံကိန်းများတွင် ပါဝင်ဆင်နွဲ ခဲ့ပါသည်။ IA ပညာရှင် တစ်ဦးအဖြစ်နှင့်သော်လည်းကောင်း ဒီဂျစ်တယ်နည်းပညာ ကူးပြောင်းမှု စာပေပညာရှင်တစ်ဦးအဖြစ်နှင့်သော်လည်းကောင်း သူသည် Europeana Impact Playbook Phase III ကို ဖော်ဆောင်ရာတွင် ကူညီပေးခဲ့ပါသည်။

သုတေသန အလုပ်သင်များ

  • Muhammad Abdullah | 2021 KURF နွေရာသီကျောင်း ကျောင်းသား

    မိုဟာမက် သည် လန်ဒန်တက္ကသိုလ် ကင်းစ်ကောလိပ်ရှိ သတင်းအချက်အလက်သိပ္ပံဌာနမှ ကွန်ပျူတာာသိပ္ပံကျောင်းသား တစ်ဦးဖြစ်ပါသည်။ သူသည် ၂၀၂၁ ခုနှစ်တွင် DIGISILK ၏ နွေရာသီ သုတေသန လက်ထောက်ဖြစ်ပြီး အာရှအင်တာနက် အစိုးရအဖွဲ့အစည်းများတွင် တရုတ်ပါဝင်မှုကို နားလည်ရန် ဒီဂျစ်တယ်နည်းလမ်းများသုံးခဲ့ပါသည်။ သူသည် နည်းပညာကို ခုံမင်ပြီး နည်းပညာသစ်များကို လေ့လာရသည်ကို မြတ်နိုးပါသည်။ သူ့အားလုပ်ချိန်တွင် ကွန်ပျူတာ ကုဒ်ဒင် ရေးခြင်း၊ စက်ဘီးစီးခြင်း၊ ကာယလေ့ကျင့်ခန်းလုပ်ခြင်းများ ပြုလုပ်ပါသည်။

  • Chia-Chi Liao | 2020 KURF နွေရာသီကျောင်း ကျောင်းသူ

    ချာချီလျှောင် (Chia-Chi Liao) သည် လန်ဒန်တက္ကသိုလ် ကင်းစ်ကောလိပ်မှ ဒီဂျစ်တယ် ပိုင်ဆိုင်မှုနှင့် မီဒီယာ စီမံခန့်ခွဲမှု ဘာသာရပ်ဖြင့် (Digital Assets and Media Management) မဟာဘွဲ့ကို ရရှိခဲ့ပါသည်။ သူသည် ၂၀၂၀ ခုနှစ်တွင် DIGISILK စီမံကိန်းကို သုတေသန လက်ထောက်အဖြစ် ပါဝင်ခဲ့ပြီး 5G၊ ဒေတာလုံခြုံမှုနှင့် စမတ်ဖုန်း စျေးကွက်တို့နှင့် ပတ်သက်သော တရုတ် ဒီဂျစ်တယ် မူဝါဒများကို သုတေသန ပြုလုပ်ခဲ့ပါသည်။ သုတသန တစ်လျှောက်တွင် သူသည် အခြား သုတေသီများဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြင့် သူ၏ သုတေသန စွမ်းရည်များ တိုးတက်လာက အဖိုးတန်သော အတွေ့အကြုံများလည်းရရှိခဲ့ပါသည်။

  • Hongyi Ren | 2020 KURF နွေရာသီကျောင်း ကျောင်းသူ

    ဟုန်ရီရန်သည် လန်ဒန်တက္ကသိုလ် ကင်းစ်ကောလိပ်မှ BA ဒီဂျစ်တယ် ယဉ်ကျေးမှု (Digital Culture) ဘွဲ့ရရှိခဲ့ပါသည်။ သူသည် ၂၀၂၀ နွေရာသီတွင် DIGISILK စီမံကိန်းတွေ လုပ်ကိုင်ခဲ့ပြီး တရုတ် ပိုးလမ်းမ၏ E-commerce တွင် Alibaba ၏ အခန်းကဏ္ဍကို စုံစမ်း‌လေ့လာခဲ့ပါသည်။

  • Agvan Tsyrempilov | 2022 KURF နွေရာသီကျောင်း ကျောင်းသား

    အက်ဂ်ဗန် ဆီရမ်မီလော့ဗ် (Agvan Tsyrempilov) သည် လန်ဒန်တက္ကသိုလ် ကင်းစ်ကောလိပ်မှ “Liberal Arts” ဘွဲ့ကြိုကျောင်းသားတစ်ဦးဖြစ်ပါသည်။ သူ ၂၀၂၂ နွေရာသီတွင် ကင်းစ် ဘွဲ့ကြိုကောင်းသူကျောင်းသားများ သုတေသန အစီအစဉ် (King’s Undergraduate Research Fellowship)မှတဆင့် DIGISILK စီမံကိန်း၌ သုတေသန လက်ထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ အက်ဂ်ဗန်သည် ဆိုရှယ်လစ်ဟောင်း နိုင်ငံများ အထူသဖြင့် ကာဇက်စတန်နှင့် မွန်ဂိုလိယား နိုင်ငံများနှင့် ၎င်းတို့၏ သမိုင်းကျောင်းနှင့် လက်ရှိဖြစ်ပွားနေသော အရေးကိစ္စများကို စိတ်ဝင်စားပါသည်။ Agvan သည် ကာဇက်စတန်၏ မြို့တော်တွင် နေထိုင်နေသောကြောင့် နိုင်ငံအတွင်း တရုတ် ဒီဂျစ်တယ် ငွေပေးချေရေး စနစ်များကို လေ့လာရန် အခွင့်အလှမ်းရရှိခဲ့ပြီး ကာဇက်စတန်တွင် ဒီဂျစ်တယ်ပိုးလမ်းမ၏ အခန်းကဏ္ဍကို ပိုမိုနက်ရှိုင်းစွာလေ့လာဖို့ အထောက်အကူဖြစ်စေပါသည်။

  • Shuhan Yu | 2021 KURF နွေရာသီကျောင်း ကျောင်းသူ

    ရှုဟန်သည် လန်ဒန်တက္ကသိုလ် ကင်းစ်ကောလိပ်တွင် ယဉ်ကျေးမှု၊ မီဒီယာနှင့် ဆန်းသစ်တီထွင် လုပ်ငန်း (Culture, Media, and Creative Industry) ဘာသာရပ်ဖြင့် ဘွဲ့ကြို တက်ရောက်နေသော ကျောင်းသူတစ်ဦးဖြစ်ပါသည်။ သူသည် ကင်းစ် ဘွဲ့ကြိုကောင်းသူကျောင်းသားများ သုတေသန အစီအစဉ် (King’s Undergraduate Research Fellowship)ဖြင့် ၂၀၂၁ ခုနှစ်တွင် DIGISILK ၏ နွေရာသီ သုတေသန လက်ထောက်ဖြစ်ပါသည်။ AliExpress ၏ ထုတ်ကုန်/သွင်းကုန် ကုန်သွယ်ရေးတွင် ကြားလူပံ့ပိုးဆောင်ရွက်သူမျာ အခန်းကဏ္ဍကို သုတေသန ပြုခဲ့ပြီး သူ၏ လက်တွဲသုတေသီများ၏ အလုပ်များ၊ သူ၏ နိုင်ငံနှင့် e-commerce ကိုလေ့လာရသည်ကို အများကြီးပျော်ရွင်ခဲ့ပါသည်။

အကြံပေး ဘုတ်အဖွဲ့

  • Tobias Blanke | အမ်စတာဒမ် တက္ကသိုလ်

    တိုဘီယားစ် ဘလန်ကာ (Tobias Blanke) ဟာ အမ်စတာဒမ် တက္ကသိုလ် (University of Amsterdam)တွင် ဉာဏ်ရည်တုနှင့် လူမှုဘာသာရပ်များ(Artificial Intelligence and Humanities) သင်ကြားနေသော ပါမောက္ခတစ်ဦးဖြစ်သည်။ သူ၏ ပညာရေး နောက်ခံသည် စာရိတ္တ အတွေးအခေါ် (moral philosophy) နှင့် ကွန်ပျူတာ သိပ္ပံတို့ဖြစ်သည်။ တိုဘီယားစ်၏ အဓိက သုတေသန စိတ်ဝင်စားမှုသည် ဉာဏ်ရည်တု ဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသနပြုလေ့လာမှုတို့ ပါဝင်သလို အထူးသဖြင့် လူသားသိပ္ပံဘာသာရပ်များတွင် သုတေသနပြုရန်အတွက် big data စက်ပစ္စည်းများနှင့် အခြေခံအဆောက်အအုံများအကြောင်းလည်း ပါဝင်သည် သူ၏ နောက်ဆုံးထုတ်ဝေခဲ့သော စာအုပ်မှာ 'Algorithmic Reason - the Governance of Self and Other' ဖြစ်သည်။

  • Rosemary Foot | အောက်စ်ဖိုဒ် တက္ကသိုလ်

    ဂုဏ်ထူးဆောင် ပါမောက္ခ Rosemary Foot ဟာ အောက်စ်ဖိုဒ် တက္ကသိုလ် နိုင်ငံရေးနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးများ (Politics and International Relations) ဌာနမှ အကြီးတန်းသုတေသီ တစ်ဦးဖြစ်ပြီး အောက်စ်ဖိုဒ် တက္ကသိုလ် စိန့်အန်တိုနီ ကောလိပ် (St Antony's College)၏ ဂုဏ်ထူးဆောင် အဖွဲ့ဝင် (Emeritus Fellow) နှင့် အောက်စ်ဖိုဒ် တရုတ် စင်တာ (Oxford’s China Centre)၏ တွဲဖက်သုတေသီလည်း ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် ဗြိတိသျှ အကယ်ဒမီ (British Academy)၏ အုပ်ချုပ်ရေး အဖွဲ့ဝင်လူကြီးအဖြစ် တင်မြောက်ခံရသည်။ သူ၏ သုတေသန စိတ်ဝင်စားမှုးများနှင့် ထုတ်ဝေမှုများသည် အာရှပစိဖစ်ဒေသ လုံခြုံရေး ဆက်ဆံမှုများကို ခြုံငုံထားကာ တရုတ်နှင့် ဒေသတွင်း ကမ္ဘာ့သြဇာနှင့် တရုတ်-အမေရိက ဆက်ဆံရေးများကို အထူးပြုထားသည်။ သူသည် စာအုပ် ၁၃ အုပ်ကို ရေးသားသူအဖြစ်ကို တည်းဖြတ်သူအဖြစ်ပါ ထုတ်ဝေခဲ့ပြီး သူ၏ နောက်ဆုံး စာအုပ်မှာ China, the UN, and Human Protection: Beliefs, Power, Image (Oxford University Press, 2020) ဖြစ်သည်။

  • Nargis Kassenova | Davis ရုရှားနှင့် ယူအေးရှားဒေသ ဘာသာရပ်များ စင်တာ၊ ဟားဗက် တက္ကသိုလ်

    နာဂစ် ကာစီနိုဗာ (Nargis Kassenova) ဟာ Davis ရုရှားနှင့် ယူအေးရှားဒေသ ဘာသာရပ်များ စင်တာ၏ အကြီးတန်း အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ဒါရိုက်တာ တစ်ဦးဖြစ်ပြီး ကာဇက်စတန်နိုင်ငံ အယ်မတ်တီမြို့ KIMEP တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေးများနှင့် ဒေသတွင်းဘာသာရပ်များဌာနရှိ တွဲဖက်ပါမောက္ခလည်းဖြစ်ပါသည်။ သူသည် KIMEP အာရှဒေသ ဘာသာရပ်များ စင်တာနှင့် တရုတ်နှင့် အာရှအလယ်ပိုင်း ဘာသာရပ်များ စင်တာတို့၏ တည်ထောင်သူနှင့် ဒါရိုက်တာဟောင်း တစ်ဦးဖြစ်သည်။ သူ၏ သုတေသန စိတ်ဝင်စားမှုများတွင် အာရှအလယ်ပိုင်း နိုင်ငံရေးများနှင့် လုံခြုံရေး၊ ယူအေးရှားဒေသ ပထဝီဝင်နိုင်ငံရေး၊ တရုတ် ရပ်ဝန်းတစ်ခု လမ်းတစ်ကြောင်းဖော်ဆောင်မှုနှင့် အာရှာအလယ်တွင် အုပ်ချုပ်မှု နှင့် အာရှအလည်ပိုင်းဒေသ နိုင်ငံထူထောင်ရေး သမိုင်းကြောင်းတို့ပါဝင်ပါသည်။

  • Ashwin Mathew | လန်ဒန်တက္ကသိုလ် ကင်းစ် ကောလိပ်

    အက်ရွှင် မက်သယူး (Ashwin Mathew) သည် အင်တာနက် အခြေခံအဆောက်အအုံများကို ယဉ်ကျေးမှု သရုပ်ခွဲလေ့လာသူတစ်ဦးဖြစ်ပြီး နည်းပညာများနှင့် နည်းပညာ အသိုင်းအဝိုင်းများ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်တွက် ပါဝင်မှုကို လေ့လာလျက်ရှိသည်။ သူသည် အင်တာနက်အား နေ့စဉ်ဘဝအလေ့အကျင့်များတွင် မည်သို့တည်ဆောက်ပြီး ထိန်းသိမ်းသည်ကို စိတ်ဝင်စားပြီး အင်တာနက်ကိုလည်ပတ်သည့် ဖြစ်စဉ်တွင် အင်တာနက် နည်းပညာအသိုင်းအဝိုင်းများ၏ ယဥ်ကျေးမှုသည် ကမ္ဘာ့တောင်နှင့် ကမ္ဘာမြောက် တဝန်းတွင် မည်သို့ အဆင့်ဆင့်ပျံ့နှံ့ပြီး မည်သို့ပြန်လည် ထုတ်ဖော်သည်ကိုလည်း စိတ်ဝင်စားပါသည်။ သူသည်လက်ရှိတွင် လန်ဒန်တက္ကသိုလ် ကင်းစ် ကောလိပ်၏ ဒီဂျစ်တယ်လူမှုဘာသာရပ်ဌာနတွင် ကမ္ဘာ့ဒီဂျစ်တယ် ယဥ်ကျေးမှု ဘာသာကို သင်ကြားသူတစ်ဦးဖြစ်သည်။ သူ၏ ပါရဂူဘွဲ့မတိုင်မီက သူသည် Adobe Systems နှင့် Sun Microsystems ကဲ့သို့သော ကုမ္ပဏီများတွင် ပရိုဂရမ်မာနှင့် နည်းပညာဗိသုကာအဖြစ်ဖြင့် ၁၀ နှစ်ကြာ လုပ်ကိုင်ခဲ့ပါသည်။

  • Bingchun Meng | လန်ဒန်တက္ကသိုလ် စီးပွားရေး ကျောင်း

    ဘင်းချွန်းမန် (Bingchun Meng) သည် လန်ဒန်တက္ကသိုလ် စီးပွားရေး ကျောင်းမှ မီဒီယာနှင့် ဆက်သွယ်ရေးဌနာမှ ပါမောက္ခတစ်ဦးဖြစ်ပါပြီး နိုင်ငံတကာမီဒီယာနှင့် ဆက်သွယ်ရေးဘာသာရပ် ပူးတွဲ MSc ဘွဲ့ကို ဖူဒန် (Fudan) တက္ကသိုလ်နှင့် တွဲဖက်ကာ စီမံပါသည်။ သူဟာ LSE-Fudan နိုင်ငံတကာ အများပြည်သူမူဝါဒ သုတေသန စင်တာ၏ တွဲဖက် ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။ သူ၏ သုတေသန စိတ်ဝင်စားမှုများ၌ ကျား,မ ကွဲပြားမှုနှင့် မီဒီယာ၊ မီဒီယာ လုပ်ငန်းများ၏ နိုင်ငံရေးစီးပွား၊ ဆက်သွယ်ရေးအုပ်ချုပ်မှုနှင့် မီဒီယာ နှိုင်းယှဉ်လေ့လာမှု ဘာသာရပ်များ စသည်တို့ပါဝင်သည်။

  • Raffaello Pantucci | အက်စ် ရာဂျာရတ်နမ် (S. Rajaratnam) နိုင်ငံတကာ ဘာသာရပ်များ ကျောင်း၊ စင်ကာပူ နှင့် RUSI လန်ဒန်

    ရာဖာအဲလို ပန်တူချီ (Raffaello Pantucci) is a Senior Fellow အက်စ် ရာဂျာရတ်နမ် (S. Rajaratnam) နိုင်ငံတကာ ဘာသာရပ်များ ကျောင်း၊ စင်ကာပူ နှင့် RUSI လန်ဒန်မှ အကြီးတန်း အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လန်ဒန်ရှိ ကာကွယ်ရေးနှင့် လုံခြုံရေး လေ့လာမှုများအတွက် တော်ဝင် ပေါင်းစည်းသော ဝန်ဆောင်မှုများ အင်စတီကျု (Royal United Services Institute for Defence and Security Studies (RUSI)) မှ အကြီးတန်း တွဲဖက်သုတေသန အဖွဲ့ဝင်လည်းဖြစ်ပါသည်။ သူ၏ အလုပ်များဟာ အလယ်ပိုင်းနှင့် တောင်ပိုင်း အာရှဒေသများရှိ တရုတ် နယ်နပိတ်ချင်းထိစပ်နေသော နိုင်ငံများနှင့် ဆက်ဆံရေးများကို အာရုံစိုက်ပြီး အကြမ်းဖက်မှုနှင့် အကြမ်းဖက်မှု တုန့်ပြန်ရေးတို့လည်း ပါဝင်ပသည်။ သူသည် တက္ကသိုလ်ပညာရေး အသိုင်းအဝိုင်းနှင့် စာပေထုတ်ဝေရေး အသိုင်းအဝိုင်းကြားတွင် စာပေအများအပြား ထုတ်ဝေခဲ့ပြီး သူက နောက်ဆုံးခဲ့သော စာအုပ်မှာ Sinostan: China's Inadvertent Empire (Oxford University Press, April 2022, with Alexandros Petersen) ဖြစ်ပြီး တရုတ်နှင့် အာရှအလယ်ပိုင်းတွင် ဆယ်နှစ်ကျော်မျှ သွားလာခဲ့သော ခရီးများနှင့် သုတေသနများမှ အခြေတည်၍ ရေးသားထားပါသည်။

  • Edward Simpson | လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိက ဘာသာရပ်များ သင်ကျောင်း

    အက်ဒ်ဝါ့ဒ် ဆင့်ပ်ဆန် (Edward Simpson)သည် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိက ဘာသာရပ်များ သင်ကျောင်းရှိ လူမှုမနုဿဗေဒ ပါမောက္ခချုပ်နှင့် ‌တောင်အာရှ အင်စတီကျု၏ ဒါရိုက်တာ တစ်ဦးဖြစ်ပါသည်။ သူသည် He has been PI on major awards from ESRC နှင့် ERC တို့မှ ရန်ပုံငွေကြေးများကိုပေးရာတွင် အဓိက စုံစမ်းစစ်ဆေးသူတစ်ဦးဖြစ်ပါသည်။ သူသည် The Political Biography of an Earthquake: Aftermath and Amnesia in Gujarat India (2013) နှင့် Highways to the End of the World: Roads, Roadmen and Power in South Asia (2022) စာအုပ်တို့၏ စာရေးသူဖြစ်သည်။

  • Justin Watkins | လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိက ဘာသာရပ်များ သင်ကျောင်

    ဂျက်စ်တင် ဝက်တ်ကင်စ် (Justin Watkins) လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိက ဘာသာရပ်များ သင်ကျောင်း (SOAS) ရှိ မြန်မာစာနှင့် ဘာသာဗေဒ ပါမောက္ခ တစ်ဦးဖြစ်ပါသည်။ သူ၏ သုတေသနများတွင် ဗမာစကားနှင့် အခြား အရှေ့တောင်အာရှစကားများ၊ အထူးသဖြင့် မြန်မာနိုင်ငံရှိ တီဘက်တိုဘားမန်း ဘာသာစကားများနှင့် မွန်ခမာ ဘာသာစကားများဖြစ်သော ဝ၊ Sumtu၊ စကောကရင် စသည်တို့၏ သဒ္ဒဗေဒ၊ ဘာသာဗေဒနှင့် အဘိဓာန်ပြုစုမှုတို့ပါဝင်သည်။